Wednesday, March 7, 2012

ဗေဒါလမ်း

ညိုပြာပြာ၊ လတာပြင် ခြေရင်း။ လှိုင်းတက်ရာ ဗေဒါတက်၊ လှို်င်းတက်ရာ ဆင်း။ ဆင်းရလဲ မသက်သာ။ အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့သာ။ အဆင်းနဲ့ အလာ၊ ဗေဒါမအတွေး။ အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ။ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ။ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ။ တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။ ပေါ်ပြန်လဲ မသက်သာ။ ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ။ ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊ မဗေဒါက တပင်တဲ။ အယက်အကန်ခံလို့။ ဗေဒါပြန် အံကိုခဲ၊ ပန်းပန်လျက်ဘဲ။

No comments: